Breaking News

လှလိုက်တဲ့စိတ်လေး

ကင်ညာအပြေးသမား
Abel Mutai ဟာ ရှေ့ကနေ  
ပန်းဝင်ဖို့ မီတာအနည်းငယ်သာ 
လိုပါတော့တယ်။ 

ဒါပေမဲ့ သူက ဆိုင်းပုဒ်တွေနဲ့ 
ရောထွေးသွားပြီး 
ပန်းဝင်သွားပြီလို့ ထင်ခဲ့ကာ 
သူ ရပ်လိုက်ပါတယ်။ 

သူ့ စိတ်ထဲမှာတော့ သူ ပထမ 
ရပြီပေါ့။ 

စပိန်လူမျိုး Ivan Fernandez ဟာ 
သူ့ နောက်တည့်တည့်မှာ ရှိနေပြီး 
ဘာတွေဖြစ်နေလဲဆိုတာ 
အခြေနေတွေကို ချက်ခြင်း
ရိပ်စားမိလိုက်ပါတယ်။

အဲဒါနဲ့ပဲ ကင်ညာအပြေးသမားကို 
ဆက်ပြေးဖို့ သူ အော်ပြောလိုက်ပါ
တယ်။ 

အစမှာတော့ Mutai ဟာ 
စပိန် ဘာသာစကားနဲ့ 
သူဘာပြောနေလဲ ဆိုတာကို မသိလို့ 
ကြောင်ကြည့်နေခဲ့ပါတယ်။

အခြေနေတွေကို ရိပ်စားမိတဲ့ 
Fernandez ဟာ  Mutai ကို 
ပန်းတိုင်ထိရောက်အောင် တွန်းပို့
ပေးခဲ့ပါ တယ် ။ 

ပြိုင်ပွဲပြီးလို့ 
သတင်းထောက်တစ်ယောက်က

မင်းဘာကြောင့် 
ဒါမျိုးလုပ်ရတာလဲ .. ? " လို့ 
Fernandez ကို လာမေးတဲ့အခါ 
အခုလိုပြန်ပြောခဲ့ပါတယ်။

ကျွန်တော့် အိမ်မက်တွေက ...
တစ်နေ့မှာကျွန်တော်တို့ကိုယ့်ဟာကို 
တွန်းအားပေးပြီး သူများတွေ 
တစ်ယောက်ကိုတစ်ယောက် 
အနိုင်ရအောင် 
အပြန်အလှန်ကူညီပေးနိုင်မဲ့  
အသိုင်းဝိုင်းမျိုးကို ရချင်ခဲ့တာပါ။ "

ဒီလိုပြောလိုက်တော့ 
သတင်းထောက်ကလည်း 
အလျော့မပေးဘဲ  
အခုလိုဆက်ငြင်းပါတယ်။ 

" ဟုတ်တယ်လေ ..  
ဒါပေမဲ့ မင်းဘာကြောင့် 
ကင်ညာသားကိုမှ 
အနိုင်ပေးလိုက်ရတာလဲ ... ? "

Fernandez က ...
" ကျွန်တော် အနိုင်ပေးလိုက်တာမှ 
မဟုတ်တာ။ 
သူနိုင်တော့မဲ့ ဥစ္စာ။ 
ဒါသူ့ပွဲလေ။ " လို့ ပြန်ဖြေပါတယ်။

သတင်းထောက်ကလည်း 
အလျော့မပေးပဲ အခုလိုပဲ 
ထပ်မေးပြန်ပါတယ်။

" ဒါပေမဲ့ မင်း (မပြောပဲနေရင်) 
မင်းနိုင်သွားမဲ့ ဥစ္စာကွာ ... ! " လို့ .....
မချင့်မရဲ ပြောပါတယ်။ 

Fernandez က သတင်းထောက်ကို 
စူးစူးရဲရဲ စိုက်ကြည့်လိုက်ပါတယ်။

ပြီးတော့ .. တစ်လုံးချ င်းစီ အခုလို
ပြန်ဖြေလိုက်ပါတယ်။ 

" အဲဒါကို ငါနိုင်ရင် ငါ့နိုင်ပွဲရဲ့
တန်ရာတန်ကြေးက ဘာလဲ ... ?။

ဒီလို ဆုတံဆိပ်မျိုးကို ငါဘယ်လို 
ဂုဏ်ယူရမှာလဲ?။ 

ငါ့အမေ ကရော ငါ့ကို ဘယ်လို
ထင်မလဲ။ 

လူ့တန်ဘိုးတွေဆိုတာ 
လူသားမျိုးဆက် တစ်ဆက်ကနေ 
နှစ်ဆက်ကို လက်ဆင့်ကမ်း 
သင်ပေးရတာကွ။ 

ဘယ် တန်ဘိုးတွေကို 
ငါ့သားသမီးတွေကို တန်ဖိုးထား 
သင်ပေးရမလဲ မင်းပြောစမ်း။ 

ဒီလိုလုပ် လိုက်ရင် ဒီလိုနည်းနဲ့  
ငါ တစ်ခြားသူတွေကိုလည်း 
အကျိုးအမြတ်ရဖို့ 
ဘယ်လောက်အထိ လှုံ့ဆော်ပေးလို့ 
ရပါတော့မလဲ။ "

" လူတွေကကွာ ...
တစ်ယောက်ကို တစ်ယောက် 
ကြံ့ခိုင်လာအောင်လို့
အကူညီပေးရမဲ့အစား လူတွေရဲ့ 
အားနည်းချက်ကိုမှ 
နင်းချ င်၊ အခွင့်ကောင်းယူချင်
ကြတယ်ကွာ " လို့
ပြန်ဖြေလိုက်ပါတယ်။   

#Credit: Ossy Dennis Nii Ayikwei
 with Daniel Anny.

#Credit -

No comments