Breaking News

လူစိတ်ဝင်စားမှု များပြားနေသောမော်လမြိုင် မြိုင်သာယာ ၉ လမ်းနေအိမ်က လူသတ်မှု နောက်ဆက်တွဲသတင်း

မော်လမြိုင်မြို့ မြိုင်သာယာ (၉)လမ်း ကုန်မာဆိုင်နှင့်ဝါရောင်းတဲ့နေအိမ်တွင်  မနေ့ညက မိသားစုထမင်းဝိုင်းကို ဆိုင်မှာ အလုပ်လုပ်နေသောအလုပ်သမား ဖြစ်သူလူသတ်သမားကမိမိဈေးဆိုင်မှာရောင်းနေသော မြက်ရိပ်ဓါးကောက်ကိုယူပြီး  ထမင်းဝိုင်းမှာ ထမင်းစားနေသောကိုအောင် အသက် (၄၇)နှစ်
ဂျိုနိက် (ခေါ်)အောင်ပြည့်စုံ (၉)နှစ်
မိခင်ဖြစ်သူ မတင်နီလာစိုး (၃၂)နှစ် 
သမီးလတ် တို့ကိုဓါးနဲ့ ရက်ရက်စက်စက်၀င်ခုတ်ရာဖခင်ဖြစ်သူမောင်အောင် အသက် (၄၇)နှစ်
သားဖြစ်သူဂျိုနိက် (ခေါ်)အောင်ပြည့်စုံ (၉)နှစ် တို့အခင်းဖြစ်ပွားရာ နေရာတွင်ပွဲချင်းပြီးသေဆုံးပြီး 
မိခင်ဖြစ်သူမှာ  အငယ်ဆုံးကလေးကိုအိမ်သာကနေ ချီပြီးပြန်လာစဉ် ဓါးနဲ့ခုတ်ခဲ့ကြောင်း 
အငယ်ဆုံး  ကလေးငယ်ကို ဘာမှ မလုပ်ခဲ့ကြောင်း 

မိခင်ဖြစ်သူမှာဘယ်ဘက်လက်ကောက်၀တ်
ပြတ်ရှဒဏ်ရာ ဦးခေါင်း လည်ပင်တို့တွင်ဒဏ်ရာပြင်းထန်စွာ ရရှိ ပြီး ကျွန်တော် ဆေးရုံကြီးကိုရောက်ရှိတဲ့အချိန်တွင် သတိရှိပြီး စကားပြောနိုင်ကြောင်း

သမီးလတ်မှာ ဘယ်ဘက်ဦးခေါင်းဒဏ်ရာ
လည်ပင်းတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိပြီးမော်လမြိုင်ဆေးရုံကြီး  အရေးပေါ်ကုသဆောင်မှတဆင့်အရိုးအကြောကုသဆောင်တွင် ယခုစာရေးနေတဲ့အချိန်အထိ ဆေးကုသမှုခံယူလျှက်ရှိကြောင်း 

အသက်အန္တရာယ်
မစိုးရိမ်ရပေမဲ့ ဓါးခုတ်ဒဏ်ရာကြောင့်
ဘယ်ဘက်လက်အခြေအနေမှာ ပုံမှန်အခြေအနေပြန်ရ မရဆိုတာ မပြောနိုင်သေးကြောင်း 

လူသတ်သမားသည် အဆိုပါ ကုန်မာဆိုင်တွင်အလုပ် လုပ်ခဲ့သည်မှာ (၁၀)နှစ်ခန့်ရှိပြီးဖြစ်ကြောင်း

အလုပ်သမားသည် အလုပ်ရှင်ထံတွင်
လုပ်ခ လစာ ကြိုထုတ်ထားတာတော့ရှိကြောင်း 

လူသမားသည် အခင်းမဖြစ်ပွားမီ လွန်ခဲ့သောရက်များက ဆိုင်မှထွက်သွားပြီး
မရင်ငယ်ယူထားကြောင်း 

ဒါကို မယားကြီးက သိရှိပြီး
အလုပ်ရှင်ထံတွင် အကူအညီတောင်းတိုင်ကြားထားတာရှိကြောင်း

အလုပ်ရှင်က အလုပ်သမား မရင်ငယ်ယူပြီးပြန်ရောက်လာတဲ့အချိန်
၎င်းကိစ္စကို ပြောဆိုဆုံးမတာရှိကြောင်းသိရှိရပါသည် ။ 

အလုပ်ရှင် ကိုအောင်သည်
အနေအေးသူဖြစ်ကြောင်း 

အသုဘရှု
မိုင်ယက် ကို  တနင်္လာနေ့တွင်  မြေမြှပ်မည်

လူသတ်သမားသည်  ထွက်ပြေးလွန်မြောက်နေစဲဖြစ်ကြောင်း  ယနေ့သိရှိရပါသည်။

သတင်း ခရက်ဒစ် Myint Soe (14.11.2021)

No comments