Breaking News

အောက်ဆီဂျင်မသုံးပဲ အသက်ရှင်နိုင်သည့် ပထမဆုံး သတ္တဝါကို တွေ့ရှိ

အသက်ရှင်နိုင်ဖို့ စွမ်းအင်အတွက် အောက်ဆီဂျင်သုံးစရာမလိုတဲ့ သတ္တဝါ တစ်မျိုးကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပြီ လို့သိရပါတယ်။ 

ရေခူမျိုးနွယ်ဖြစ်ကာ အ လွန်သေးငယ်တဲ့အကောင်ငယ်လေးတွေ ဖြစ်ပါတယ်။ Henneguya salminicola ဆိုတဲ့ကပ်ပါးကောင်တွေထက် ပိုမိုသေး ငယ်ကာ ဆော်လမွန်ငါးတွေမှာ ကပ် တွယ်နေထိုင်ကြတာဖြစ်ပါတယ်။ 

စွမ်း အင်ရရှိဖို့အတွက် အောက်ဆီဂျင်အသုံး မပြုကြတဲ့ သတ္တဝါဖြစ်နေတာကို တွေ့ ရှိခဲ့ကြတာလို့ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ် တက္ကသိုလ်မှ ပါမောက္ခဒိုရိုသီဟူချွန်က ဆိုပါတယ်။ 

သက်ရှိတိရစ္ဆာန်တွေတိုင်းက အောက်ဆီဂျင်သုံး အသက်ရှူတဲ့ပုံစံလို့ ထင်မှတ်ခဲ့ကြပေမယ့် အောက်ဆီဂျင်မဲ့ အသက်ရှူမှုမျိုးနဲ့ အဆိုပါသတ္တဝါကို တွေ့ရှိခဲ့ပြီဖြစ်တာကြောင့် ယခင်က ယုံ ကြည်ယူဆထားခဲ့တာတွေကို စွန့်လွှတ်ရ တော့မယ်လို့ ဒိုရိုသီက ဆိုပါတယ်။ 
အောက်ဆီဂျင်မသုံးဘဲ အသက်ရှင်ဖို့ ဘယ်ကနေစွမ်းအင်ရရှိသလဲဆိုတာကို တော့ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ သူကပ်မှီနေထိုင်တဲ့ဆော်လမွန်ငါးရဲ့ ဆဲလ်တွေဆီက နေရယူနေတာလည်း ဖြစ်နိုင်တယ်လို့ ဒိုရိုသီက ဆိုပါတယ်။ အတိအကျသိရှိဖို့အတွက် အသေးစိတ် လေ့လာမှုတွေဆက်လုပ်သွားမယ်လို့ လည်း ဒိုရိုသီက ဆိုပါတယ်။

No comments