Breaking News

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘယ်လိုပုံစံ နှုတ်ဆက်ကြမလဲ

ဖော်ပြထားတဲ့ဓာတ်ပုံလေးကိုကြည့်လိုက်ပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ USAID ရဲ့ ဌာနေညွှန်ကြား‌ရေးမှူး မစ္စမက်ဂီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးက တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်နေကြတာပါ။ ဒါပေမဲ့ လက်ဆွဲနှုတ်ဆက်တာတော့မဟုတ်ပါဘူး။ တံတောင်ဆစ်ချင်းထိတွေ့ပြီးနှုတ်ဆက်နေတာပါ။
ဒါကတော့ ခုလတ်တလော ခေတ်စားနေတဲ့ ကိုရိုနာနှုတ်ဆက်မှုပုံစံ တွေထဲက တစ်ခုပါ။ 
ကူးစက်သူပေါင်း တစ်သိန်းကျော်နဲ့ သေဆုံးသူ သုံးထောင်ကျော်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကာကွယ်ဖို့ ကမ္ဘာတစ်လွှားမှာ ပညာပေးတွေလုပ်နေကြပါတယ်။
ဒါကြောင့် မိတ်ဆွေတွေ၊ အသိအကျွမ်းတွေအချင်းချင်း တွေ့ဆုံနှုတ်ဆက်ကြတဲ့အခါ လက်ဆွဲနှုတ်ဆက်တာမလုပ်ဖို့လည်း  တိုက်တွန်းချက်တွေရှိထားပါတယ်။
အခုတော့ ကိုရိုနာစတိုင်လ် နှုတ်ဆက်ခြင်း Corona Greet ဆိုပြီး ကမ္ဘာတစ်လွှား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေတဲ့ လက်ဆွဲနှုတ်ဆက်ကြမယ့်အစား ခြေထောက်ချင်း၊ ဒါမှမဟုတ် တံတောင်ဆစ်ချင်း ထိတွေ့နှုတ်ဆက်တဲ့ပုံစံတွေ လုပ်လာကြတာကိုတွေ့လာရပါတယ်။ 
ကဲ ပရိသတ်တွေရော ကိုရိုနာဂရိထ် corona greet နဲ့ နှုတ်ဆက်ကြမှာလား။ မှတ်ချက်မှာ လာရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်။

ဓာတ်ပုံ-USAID

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ကိုရိုနာဂရိထ် #coronagreet #ကိုဗစ်၁၉ #covid19 #USAID #China #ဝူဟန် #Wuhan

No comments