Breaking News

အွန်လိုင်းပေါ် ပြန့်နေတဲ့ ညစ်ညမ်းဗွီဒီယို နဲ့ ပတ်သက်ပြီး ပြန်ဖြေရင်းလိုက်တဲ့ ကောင်မလေး

သားသမီးချင်း၊ နှမ ညီမချင်း စာနာရင် မျှဝေပေးကြပါ။)

အခုတလော အွန်လိုင်းပေါ်မှာ ဗွီဒီယို ဖိုင်တစ်ခု ပြန့်နေတာကို အားလုံး သိကြပြီး ဖြစ်မှာနော်။ ဒါပေမယ့် ဒီဗွီဒီယို နဲ့ ပတ်သက်တဲ့ အမှန်တရားကို ကာယကံရှင်ကိုယ်တိုင် ပြန်လည် ဖြေရှင်းလိုက်ပါတယ်
"ယခု online ပေါ်တွင်ပျံ့နှံ့နေသော ညစ်ညမ်း video မှာ ကျွန်မ [ဆုမြတ်နိုး] လုံးဝမဟုတ်ပါ။
မုန်းတီးသူများက လုပ်ကြံထားသော video သက်သက်သာဖြစ်ပါသည်။
ထို videoတွင်ပါရှိသော conversation များမှာလည်း အတုအယောင်များသာဖြစ်ပါသည်။
ထိုvideoတွင်ထည့်သွင်းထားသော ဓာတ်ပုံများမှာလည်း မိမိသူငယ်ချင်းများ စနောက်ရိုက်ကူးထားသော (snap) ဓာတ်ပုံများနှင့် Face Book ပေါ်တင်တင်ထားသော ဓာတ်ပုံများ သာဖြစ်ပါသည်။
ကျွန်မသည် အိမ်မှ ခွင့်ပြုထားသော ငယ်သူငယ်ချင်းများ၊ လူကြီးတစ်ဦးဦးပါမှသာ အပြင်ထွက်ခွင့်ရသောသူဖြစ်ပါသည်။
ပုံပါအတိုင်း December လထဲတွင်
Fake acc တွေ့ခဲ့၍
မဟုတ်ကြောင်း တင်ခဲ့သည့် postလည်း Dec 21 Date ဖြင့် တင်ထားဆဲဖြစ်ပါသည်။
Video ထဲနှင့် Fake acc ဖြင့် Chat ထားသော Ss ပုံများတွင်ပါသော မိန်းကလေးနှင့်ယှဉ်လျှင် ထိုမိန်းကလေးမှာ အနည်းငယ် ခန္ဓာကိုယ်ပြည့်ပီး မိမိ ခန္ဓာကိုယ်မှာ ပုံမှန်ထပ်ပိုပီး ပိန်နေသည်ကို Accထဲမှ ပုံများကို ကြည့်ခြင်းဖြင့်လည်း မိမိမဟုတ်မှန်း
သိနိုင်ပါသည်။
ကျွန်မဖုန်းသည် အိမ်ပြန်ရောက်ချိန် ကျွန်မ အမေနှင့် အလှည့်ကျ သုံးနေခြင်းဖြစ်တာ တစ်ကြောင်း
အိမ်မှာ ​စတီးစာလုံးဖောက်လုပ်ငန်းဖြစ်သည့်အလျောက် အိမ်၏ ဧရိယာမှာ ၁၅ပေ ပတ်လည်သာရှိပီး ကိုယ်ပိုင်အခန်းမရှိပဲ အဘွား၊ ညီမ​လေးတို့နှင့်အတူတူအိပ်ရ၍
ကိုယ်ပိုင်အခန်းထဲမှ Chat နေဟန် စာများမှာ ပိုပီးမဖြစ်နိုင်တာကို သိရှိစေလိုပါသည်။
Video ထဲတွင်ပါသော မိန်းကလေး၏လက်တွင် ကာလာစပ် လက်စွပ် နှစ်ဖက်လုံးတွင် ဝတ်ထားပီး
မိမိမှာ လက်စွပ်အဖြူ တစ်ကွင်းသာရှိပါသည်။
ထိုVideo ကိုပဲ မိမိနည်းတူ တခြား မိန်းကလေး၏ ဓာတ်ပုံများထည့်ထားသည်ကို တွေ့ဖူးသည်ဟု​ပြောသော
သူများလည်းရှိပါသည်။
ယခုကိစ္စကြောင့် သေချင်လောက်အောင် စိတ်ထိခိုက်နေရပါတယ်ရှင်။
အာ့ကြောင့် ကျွန်မကိုစာနာသနားသောအားဖြင့် Video ကို ထပ်တွေ့ရှိပါက ထပ်မံမပြန့်ပွားစေရန်နှင့် တက်နိုင်သလောက် ရှင်းပြပေးရန် မေတ္တာရပ်ခံ အပ်ပါသည်ရှင့်။
မိမိ၏ အရှက်နှင့်သိက္ခာကိုထိခိုက်ရသောကြောင့်
ထို video နှင့်ပတ်သတ်၍လာရောက် ထိခိုက်သူများ၊ အသရေဖျက်သူများထပ်ပေါ်ပေါက်ခဲ့လာပါက
တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ပါပြီး
စတင်၍လုပ်ကြံဖြန့်ဝေသူကိုလည်းပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည်။" လို့ ဖော်ပြထားပါတယ်။

No comments