Breaking News

ဘာကိုရွေးမလဲ

မိန်းမဆီမှမက်ဆေ့တစ်စောင်၀င်လာပါသည်...

ခုနေရွေးချယ်စရာရှိမယ်ဆိုရင် မောင့်ဇနီးအစားမောင့်ရဲ့ဖုန်းလေးသာဖြစ်လိုက်ချင်ပါသည် "

အမြဲတမ်းမျက်စိနဲ့မခွါစိုက်ကြည့်ခံရဖို့အတွက်...

တယုတယ နဲ့ကိုင်တွယ်ပြီး အပြင်ထွက်တိုင်း
ခေါ်သွားတဲ့အတွက်...

အိပ်ရင်လဲ အနီးဆုံးမှာအမြဲထားအိပ်တတ်သလို နိုးနိုးချင်းအရင်ရှာတတ်တဲ့အတွက်...

ပိုက်ဆံကုန်မကုန်အမြဲစစ်နေပြီး နည်းနေရင်ချက်ချင်းဖြည့်ပေးတတ်တဲ့အတွက်.....

အဲဒီအချက်တွေကြောင့် မောင့်ရဲ့ဖုန်းလေးသာ
ဖြစ်လိုက်ချင်ပါတယ်..."

အယ်လဲ့....တကယ့်ကိုကဗျာဆန်တဲ့စာလေးပါလား.....။

.....ကျွန်တော်လည်းအားကျမခံ
စာတကြောင်း ပြန်လိုက်ပါတယ်

" ငါက ဖုန်းမော်ဒယ်အသစ်ထွက်တိုင်း ပြောင်းပြောင်းကိုင်တာနော်...."
.
ငိငီ
🙂 

😛

#  လင်း.....

No comments