Breaking News

ဟစ််တလာတိုက်ခိုက်မှုကြီးကို ဟောကိန်းမှန်ထားတဲ့ အကြားအမြင်ဆရာရဲ့ ၂၀၂ဝ ဟောထားချက်ကြီး


ဟစ််တလာအကြောင်းနဲ့ ၉/၁၁ တိုက်ခိုက်မှုကြီး ဟောကိန်းမှန်ထားတဲ့ အကြားအမြင်ဆရာက ၂၀၂၀ မှာ တတိယကမ္ဘာစစ် စဖြစ်မယ်လို့ ဟောထား တယ်လို့သိရ

၉/၁၁ တိုက်ခိုက်မှုကြီးနဲ့ ဟစ််တလာအကြောင်း ဟောကိန်းမှန်ထားတဲ့ အကြားအမြင်ဆရာက ၂၀၂၀ မှာ တတိယကမ္ဘာစစ် စဖြစ်မယ်လို့ ဟောထားပြီးခဲ့တဲ့နှစ်ထက် လာမယ့်နှစ်သစ်ဟာ ပိုမိုကောင်းမယ်လို့ အကောင်းမြင်ထားကြသူတွေအတွက်တော့ လာမယ့် ၂၇ နှစ်တာ ကာလအတွက်တော့ သတင်းဆိုး ဖြစ်စေပါလိမ့်မယ်။


ဘာကြောင့်လည်းဆိုတော့ ဟောကိန်းတွေ ဒက်ထိမှန်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အနာဂတ်ဟော အကြားအမြင်ဆရာ နောစထရာဒါမျူ့စ်ရဲ့ ၂၀၁၉ အတွက် ဟောကိန်းကြောင့်ပါပဲ။နောစထရာဒါမျူ့စ်ဟာ ဟစ်တလာ ပေါ်ထွန်းလာမှာနဲ့ ၉/၁၁ တိုက်ခိုက်မှုကြီး ဖြစ်ပွားမှာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်လောက်ကတည်းက ကြိုတင်ဟောထားခဲ့ပြီး စံချိန်တင်အောင် မှန်ခဲ့တဲ့ ပြင်သစ်က ရူပဗေဒပညာရှင်နဲ့ ရှေ့ဖြစ်ဟောသူ တစ်ဦးပဲ ဖြစ်ပါတယ်။

၂၀၂၀ အတွက်တော့ သူ့့ရဲ့ ဟောကိန်းကတော့ တစ်ကမ္ဘာလုံး ကပ်ဒုက္ခဆိုး စတင်မယ့် နှစ်လို့ ဟောထားတာ ဖြစ်ပါတယ်။ ပြင်သစ် ရှေ့ဖြစ်ဟောဆရာ နောစထရာဒါမျူ့စ်ရဲ့၁၅၅၅ ခုနှစ်က ရေးသားခဲ့တဲ့ Les Propheties စာအုပ်မှာ ၂၀၂၀ ခုနှစ်ဟာ ကမ္ဘာပျက်စစ်ပွဲကြီးရဲ့ အစနှစ် ဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ်။ အဲဒီ ကမ္ဘာစစ်ကြီးဟာ ဆယ်စုနှစ် သုံးစုကြာနီးပါး တောက်လောင်လိမ့်မယ်လို့ ဟောထားပါတယ်။

ကဗျာစာပုဒ်ပေါင်း ၉၄၂ ပိုဒ်နဲ့ ဖွဲ့သီထားတဲ့ ဒီရှေ့ဖြစ်ဟော စာအုပ်မှာ ဥရောပတစ််လွှား ရေကြီးရေလွှမ်းမှုတွေ အကြီးအကျယ်ဖြစ်မယ်လို့့ ဟောထားသလို ကယ်လီဖိုးနီးယားနဲ့ ဗန်ကူးဗားကျွန်းတွေမှာ ကပ်သမျှ ဆိုးဝါးတဲ့ ငလျင်ကြီးတွေ လှုပ်လိမ့်မယ်လို့လည်း ဟောကိန််းထုတ်ထားပါတယ်။

အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက််ဝါဒနဲ့ ဘာသာရေးအစွန်းရောက်တွေ ကြီးထွားလာမယ်လို့လည်း ဆိုထားပါတယ်။ စာအုပ်ပါ ဟောကိန်းတွေက အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ရာသီဥတုပြောင်းလဲမှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေဟာ အတူလက်တွဲဆောင်ရွက်လာလိမ့်မှာ ဖြစ်သလို သိပ္ပံပညာရှင်တွေဟာ လူ့သက်တမ်း ၂၀၀ အထိ နေထိုင််နိုင်မယ့် ဆေးပညာကို ရှာဖွေတွေ့ရှိကြလိမ့်မယ်လို့လည်း ဟောထားပါတယ်။

ကဗျာပါဒတွေနဲ့ ရေးဖွဲ့ထားတဲ့ နောစထရာမျူ့စ်ရဲ့ ဒီစာအုပ်ဟာ ရှေ့အနာဂတ်မှာ ဖြစ်ပျက်လာမယ့် ဖြစ်စဉ်ဖြစ်ရပ်တွေကို ကြိုတင်ဟောကိန်းထုတ်ထားတာလို့ တစ်ချို့က ယူဆပြောဆိုထားတာလည်း ဖြစ်တယ်။

၁၅၀၃ ခုနှစ်မှာ မွေးဖွားပြီး ၁၅၆၆ မှာ ကွယ်လွန်တဲ့ နောစထရာမျူ့စ်ရဲ့ အဆိုပါ စာအုပ်ထဲက စာတစ်ပုဒ်မှာဆိုရင် “လန်ဒန်မှာ သမာသမတ်ရှိသူတွေရဲ့ သွေးချောင်းစီးမယ်။ ၆၆ မှာ မီးကြီးခမယ်။ အမျိုးအနွယ် အမျိုးသမီးတွေ ဖြုတ်ချခံရမယ်။ တစ်ဂိုဏ်းတည်းသား အများအပြား သတ်ဖြတ်ခံရမယ်။”လို့ ရေးသားထားပါတယ်။

၁၆၆၆ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ လန်ဒန်မှာ မီးကြီးလောင်ပြီး သုံးရက်အကြာအထိ လောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။ဟစ်တလာ ပေါ်ထွန်းလာပြီး အာဏာစက် ကြီးထွားလာမှာကိုလည်း သူ့ရဲ့ စာအုပ်ထဲမှာ တော်တော်များများ ခန့်မှန်းထားတာ တွေ့ရပါတယ်။

“ဥရောပရဲ့ အနောက်စူးစူးမှာ ဆင်းရဲသူတွေကြား ကောင်လေးတစ်ယောက် မွေးဖွားမယ်။ သူရဲ့ နှုတ်ထွက်စကားဟာ စစ်တပ်ကြီးကို စည်းရုံးနိုင်မယ်။ သူရဲ့ ဂုဏ်သတင်းဟာ အရှေ့နယ်မြေတစ်ခွင်လုံးကို လွှမ်းမိုးမယ်။”လို့ ရေးထားပါတယ်။

“ဆာလောင်မွတ်သပ်မှုနဲ့ ကြမ်းကြုတ်တဲ့ လူ့ဘီးလူးတွေဟာ မြစ်တွေကို ဖြတ်လာမယ်။ ဟစ်စတာကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ တိုက်ပွဲမြေတလင်း ဖြစ်မယ်။”လို့ ရေးသားဖော်ပြချက်လည်း ပါရှိရာ ဟစ်စတာလို့ ဖြစ်နေတာဟာ စာလုံးပေါင်းမှားတာ ဖြစ်မယ်လို့ တစ်ချို့က ခန့်မှန်းပြောဆို ထားပါတယ်။

Rf: Mirror

No comments