Breaking News

ရန်ကုန်မြို့ သမိုင်း

ရန်ကုန်မြို့သည် (ခရစ်တော်မပေါ်မီဘီစီ(၅၈၈)) လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ဝ အထက်ကစ၍ မြတ်စွာဘုရားသခင်၏ ဆံတော်ဓာတ်မြတ်များနှင့် စပ်လျဉ်းပြီးလျှင် သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သော်လည်း ဘုရားဖူးစခန်းအဖြစ်သာ တည်ရှိခဲ့သည်။

အေဒီ ၆ မှ ၁၈ ရာစု

ရန်ကုန်မြို့ကို အေဒီ ၆ ရာစုနှစ်က အောက်မြန်မာပြည်ကို အုပ်ချုပ်စိုးမိုးခဲ့သော မွန်လူမျိုးများက ဒဂုံအဖြစ် စတင်တည်ထောင်ခဲ့သည်။ မွန်တို့၏ ဟံသာဝတီခေတ် မဂဒူးမင်းဆက် ခေါ် (ဝါရီရူးမင်းဆက်)တွင် (၁၅) ဆက်မြောက်မင်းဖြစ်သော ဘုရင်မကြီး ရှင်စောပု သည် ခရစ်နှစ် ၁၄၆၀ခုနှစ်တွင် ဒဂုံ၌ နန်းတော်တည် စိုးစံတော်မူခဲ့သည်။

အေဒီ ၁၈ မှ ၁၉ ရာစု

၁၇၅၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ထူထောင်သော အလောင်းမင်းတရား သည် ဒဂုံမြို့ကို အောင်နိုင်ပြီး “ရန်ကုန်”ဟု အမည်သတ်မှတ်ခဲ့ပြီး ဒဂုံမြို့ပတ်လည်တွင် တိုးမြင့်၍ အခြေချနေထိုင်မှုများ ပြုလုပ်ခဲ့သည်။

ဗြိတိသျှပိုင်အရှေ့အိန္ဒိယ ကုမ္ပဏီ သည် ၁၇၉၀ ခုနှစ်များတွင် စက်ရုံ တည်ဆောက်ခဲ့သည်။၁၈၂၃ ခုနှစ်တွင် လူဦးရေ ၃၀၀၀၀ နေထိုင်ခဲ့သည်။

ကုန်းဘောင်မင်းဆက် (၇) ဆက်မြောက်မင်းဖြစ်သော ဘကြီးတော်ဘုရား လက်ထက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၂၆) တွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့သော်လည်း၊ စစ်ပြီးသည့်နောက် ရန္တပိုစာချုပ် အရ ရန်ကုန်မြို့ကို မြန်မာတို့လက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ မြန်မာဘုရင် သာယာဝတီမင်း လက်ထက် ၁၈၄၁ ခုနှစ်တွင် ရန်ကုန်မြို့ သည် မီးသင့်ပြီး ပျက်စီးခဲ့သည်။

ကိုလိုနီခေတ် ရန်ကုန် (၁၈၅၂ မှ ၁၉၄၈)

ဗြိတိသျှတို့ သည် ရန်ကုန်နှင့် အောက်မြန်မာပြည် အားလုံးကို ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်မြန်မာစစ် တွင် သိမ်းယူချုပ်ကိုင်နိုင်ခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်မြို့သည် ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်သော ငါးဖမ်းရွာလေး တစ်ရွာသာ ဖြစ်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်မြို့ကို ဗြိတိသျှဘားမား၏ စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာကျသော မြို့တစ်မြို့အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ စစ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းပုံစံကို အခြေပြု၍ ဗြိတိသျှများသည် အရှေ့ဘက်၌ ပုစွန်တောင်ချောင်းငယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်ကို နယ်နိမိတ်သတ်မှတ်ပြီး မြို့တော်သစ်တစ်ခု တည်ဆောက်ခဲ့သည်။

#wiki














































No comments