Breaking News

နိုင်ငံပျောက်သဖြင့် စရိတ်ပြတ်သွားသော ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး

မြန်မာနိုင်ငံဆိုင်ရာ သံရုံးများသည် ယခု အခါ နိုင်ငံ တော်တော်များများတွင် ရှိနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးမြူ အကြောင်းကား သိသူ နည်းပါးလှပါသေးသည်။ 


ဦးမြူကာ ကုန်းဘောင်ခေတ်နှောင်းပိုင် ပညာတော်သင်များထဲတွင် တစ်ဦး ပါဝင်ခဲ့ပြီး နန်းတွင်းတွင် လက်ဖက်ရည်တော်ရာထူးဖြင့် တာဝန်ထမ်းဆောင်ပြီးနောက် ၁၈၆၂ ခုနှစ်တွင် ပြင်သစ် နိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသူ ဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံတွင်လည်း လက်နက်ခဲယမ်းမီးကျောက် ဆိုင်ရာ ပညာကို ထပ်မံ သင်ယူခဲ့ပြီး နေပြည်တော်သို့ ပြန်ရောက်သော အခါ သံချက်ဝန်ထောက်ရာထူးဖြင့် အမှုတော်ကို ထမ်းရွက်ခဲ့ပါသည်။ 

ဦးမြူသည် ၁၈၈၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် စတင်ခန့်အပ်ခံခဲ့ရပြီး ဇနီးဖြစ်သူ ဒေါ်ရွှေရည်၊ တပည့်များနှင့် အတူ ပြင်သစ်နိုင်ငံသို့ တာဝန်ထမ်းဆောင်ရန် ထွက်ခွာခဲ့ပါသည်။ သို့သော် ဦးမြူ ပြင်သစ်ရောက်ပြီး သုံးလ အကြာ သီပေါမင်း ပါတော်မူသွားသဖြင့် ပညာတော်သင် ၂၂ ဦးနှင့် အတူ အဆိုပါ နိုင်ငံတွင်ပင် သောင်တင်နေခဲ့ရပြီး လန်ဒန်တိုင်းမ် သတင်းထောက် ၏ အင်တာဗျူးကို လက်ခံဖြေရာတွင် နေပြည်တော်သို့ မည်သို့ မည်ပုံ ပြန်ရမည် မသိ ဖြစ်နေကြောင်း ထည့်သွင်းပြောကြားခဲ့ရာ အင်္ဂလိပ် အစိုးရ က စားရိတ်ထုတ်ပေးသဖြင့် ၁၈၈၆ ခုနှစ် တွင်မှ မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရပါတော့သည်။

ထက်အောင်ဖြိုး

No comments